ခေတ်ထလာတဲ့ google search သင်တန်းလို သန္ဓေပြောင်း Prompt Engineering

 




ခေတ်ထလာတဲ့ google search သင်တန်းလို သန္ဓေပြောင်း Prompt Engineering

လူတွေအများစုက Ai ကို တော်တော်စိတ်ဝင်စားလာကြပြီး တချို့ကလည်း အလုပ်အကိုင် ဆုံးရှုံးမှာတွေ Ai ကြီးက ကမ္ဘာကြီးကို ဖျက်ဆီးပစ်တော့မှာလို့ ရုပ်ရှင်ဆန်ဆန်တွေးနေကြပါတယ်။
Ai အမျိုးအစား များစွာရှိနေတဲ့ အထဲမှာမှ Chat Ai နဲ့ Drawing Ai တွေကို လူတွေက ပိုစိတ်ဝင်စားလာကြပါတယ်။
Ai (artificial intelligence) လို့ခေါ်တာနဲ့ god တစ်ပါးနီးနီး အကုန်လုပ်နိုင်တာလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။
Ai ကနေ တဆင့်မြင့်တဲ့ Ai Robot တွေကို အသုံးချမှု များပြားလာတဲ့အခါမှာတော့ နည်းပညာ အလျင်အမြန် တိုးတက်လာပြီး Humanoid ပုံစံ Ai Robot တွေ ထွက်ရှိလာရင်တော့ နဲနဲတော့ ရင်ခုန်စရာကောင်းပါတယ်။
Ai တွေ Learning လုပ်ပေးနေတဲ့အချိန်မှာ ဒါပြောရင် ဒီဟာလေးပြန်ပြောလိုက်ပါဆိုပြီး သင်ကြားပေးထားလို့ရပါတယ်။ ရည်ရွယ်ချက်ကတော့ Ai တွေကို နှုတ်အားဖြင့်ဖြစ်စေ စာအားဖြင့် ဖြစ်စေ အနိုင်ကျင့် စော်ကားဖို့ကို ပြန်ကာကွယ်တဲ့အနေနဲ့ သင်ကြားပေးကြတာဖြစ်ပါတယ်။
Ai တွေကို ခိုင်းစေတဲ့အခါမှာ ဘယ်လိုမျိုးခိုင်းစေကြမှာလဲ။
Ai တွေကို ကိုယ်ဖြစ်ချင်တာခိုင်းစေလိုက်ပြီဆိုရင် ဖြစ်နိုင်တဲ့ outcome ဖြစ်ရပ်တစ်ခုကို Ai က သူ့ရဲ့ data base မှာ ရှာဖွေပြီးမှ common ဖြစ်တာ တစ်နည်း လူအများ စိတ်ဝင်စားနေတာ လူအများ အသုံးပြုမှု အကြိမ်ရေများတဲ့ ဖြစ်ရပ်တစ်ခုကို outcome တစ်ခုအနေနဲ့ ပြုလုပ်ပေးမှာဖြစ်ပါတယ်။
ဥပမာ Chat GPT လို Chat Ai တစ်ခုကို how to drink water လို့ရေးပေးလိုက်ရင် ထွက်လာမယ့်အဖြေဟာ တိတိကျကျထွက်ရှိလာမှာ မဟုတ်ဘဲ ယေဘုယျ common ဖြစ်တဲ့ အကြောင်းအရာတွေဘဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ steps of drinking water လို့ရေးပြီးမေးလိုက်မယ်ဆိုရင် ရေသောက်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။
ဒီလို စာတွေရေးပြီးမေးတာ အပြင် အသံနဲ့ မေးလို့ရတဲ့ Ai တွေလည်း ရှိပါတယ်။ အသံနဲ့ ခိုင်းစေလို့ရတဲ့ Program လုပ်ထားတဲ့ Ai တွေလည်း ရှိပါတယ်။
ဒီလို မေးတာတွေ လုပ်ခိုင်းတာတွေ အဖြေရှာတာတွေကို ကိုယ်က input သွင်းရမှာဖြစ်ပြီး အဲဒီ input ကို အလွယ်တကူအပေါ်ယံ Prompt engineering လို့ခေါ်ဆိုလိုက်ကြတာဖြစ်ပါတယ်။
Prompt လုပ်တယ်ဆိုတာ ခိုင်းစေတာ ဖြစ်စေတာလို့ အလွယ်တကူ စကားလုံးကို အဓိပ္ပာယ်ဖွင့်နိုင်ပြီး Prompt Engineering လို့ အကြီးအကျယ်ကြီး ခေါင်းစဥ်မတပ်သင့်သေးပါဘူး။
ဒါဆို Prompt Engineering ဆိုတဲ့ သင်တန်းတွေက ဘာသင်မှာလဲ။ ဘာမှ ထွေထွေထူးထူးသင်ပေးမှာ မဟုတ်ဘဲ ခိုင်းစေမေးမြန်းတဲ့အခါမှာ ထည့်သွင်းဖော်ပြရမယ့် short to the points တွေကိုဘဲ ဦးစားပေးသင်နေမှာ ဖြစ်ပါတယ်။
ဒါကိုတော့ အရင်ခေတ်တွေမှာ Internet အသုံးပြုနည်းသင်တန်းဆိုပြီး သင်ပေးနေကြတဲ့ သင်တန်းတွေ တွေ့မိကြမှာပါ။ ယခုဟာကလည်း အဲဒီလိုမျိုးသင်တန်းတွေဘဲ ဖြစ်ပါတယ်။
Prompt တစ်ခုကို ဘယ်လိုအသေးစိတ် ရေးထည့်ပေးမလဲဆိုကို အပေါ်က ရေသောက်နည်းနဲ့ဘဲ ဥပမာလေးပြပေးပါမယ်။ drawing ai အတွက်လည်း ရေးပြပေးထားပါမယ်။
ဥပမာ
How to drink a glass of water which filled in small cup of glass, like a gentleman with respectfully to the others in front of me to get best impression, while drinking water how to make my face acting to get attention from my guest? (Grammar တွေ မှားခဲ့ရငိ အပြစ်မယူပါနဲ့ 😁)
ဒါဆို Ai ကနေ နည်းလမ်းတွေကို Detail ကျကျ အသေးစိတ်ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီထက်အသေးစိတ်သိချင်ပါက အသေးစိတ်ဖော်ပြချက်တွေသိချင်တာတွေကို ထည့်ရေးပေးဖို့လိုအပ်ပါတယ်။


Drawing Ai အတွက် ဥပမာ
A boy, holing magic staff, standing in front of frozen ice mountain, with sharp rounded blue eyes, light blue skin, wearing red long coat, white colour mist smokes surrounded him, one green orc beside him holding big sword with two hands, enchanted sword with green smoke, ရုပ်ပုံအထွက်အတွက်ကတော့( , )နောက်မှာ ကြိုက်ရာစကားလုံး ဒီလိုထည့်ပါ။ animated, neon colour illustrated, high 2K(4K,6K,etc.) resolution, 4 Pics, modern art, old school art, etc... ရုပ်ရှင်ထဲက ဇာတ်ကွက်ဆန်ဆန်တွေလည်း ထည့်ပြီး လိုအပ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို ပြောင်းလဲပေးလို့ရပါတယ်။
ဒီလိုတွေရိုက်ထည့်ပေးလိုက်မယ်ဆိုရင် ဒါက prompt လုပ်တာပါဘဲ။ ဒါကို prompt engineering ဆိုပြီး ခေါ်ဆိုနေကြတာဖြစ်ပါတယ်။
တချို့သော Ai Website တွေမှာ မျိုးစုံခိုင်းလို့ရတာ ဖြစ်တဲ့အတွက် prompt တွေကိုအမျိုးအစားခွဲပေးလို့ရပါသေးတယ်။
ဥပမာ -
Explain/
Ask/
Write/
Draw/
Calculate/
Fast/
ဒါတွေကို သုံးရင်းသုံးရင်းနဲ့ နားလည်လာပြီဆိုရင် မိတ်ဆွေတို့ Prompt engineering ဆိုတဲ့ဟာကြီးကို ပိုက်ဆံပေးတတ်နေစရာမလိုတော့ပါဘူး။
နောက်ပိုင်းတွေမှာ Language model Ai တွေက English အပြင် မိခင်ဘာသာစကားတွေပါ ကောင်းစွာ အသေးစိတ်နားလည်လာတော့မှာဖြစ်တဲ့အတွက် ပိုမိုလွယ်ကူလာတော့မှာ ဖြစ်ပါတယ်။
Ai generated အဖြေတွေ ဖြစ်ရပ်တွေဟာ တိုက်ရိုက် ကော်ပီယူရင် နောက်ပိုင်းခေတ်တွေမှာ Role အောက်လာမှာ ဖြစ်တဲ့အတွက် Ai generated တွေကို အောက်လိုင်းယူတာဖြစ်စေ၊ ကိုးကားတာဖြစ်စေ Tamplate တွေယူတာဖြစ်စေ လုပ်ယူပြီးမှ ကိုယ်ပိုင် Creation ရှိတဲ့ လူမှသာလျှင် လုပ်ငန်းခွင်မှာ ကောင်းကောင်းရပ်တည်နိုင်မှာဖြစ်ပါတယ်။
တကယ်တော့ Ai ဆိုတာ အသုံးချခံ Applied tool တစ်ခုသာ ဖြစ်ပါတယ်။ Chat Ai လို language model တွေမှာ ဇာတ်ညွှန်ရေးတာတွေ ပုံပြင်ရေးခိုင်းတာတွေကို နာမည်ကြီး ဇာတ်လမ်း ဇာတ်ညွှန်းတွေကို ပေါင်းစပ်ခိုင်းတာ ဇာတ်နာအောင်လုပ်တာ၊ essay တွေကို grammar ပြောင်းခိုင်းတာတွေ လုပ်ဆောင်နိုင်ပြီး ဂျင်းထည့်အင်ထုလို့ရပါသေးတယ်။

Post a Comment

Previous Next

نموذج الاتصال