CPU အမျိူးအစား များအကြောင်း
=============================================
ယနေ့ ကွန်ပျူတာများတွင် အသုံးပြုသော MicroProcessor များကို အများဆုံး ထုတ်လုပ်သော ကုမ္ပဏီကြီးနှစ်ခုကတော့ AMD (Advanced Micro Device) နဲ့ Intel ကုမ္ပဏီ ဖြစ်ပါတယ်။
Intel သည် Processor ဈေးကွက်ကို လွှမ်းမိုး ထားပြီး ဈေးကွက်ဝေစု အများဆုံးပိုင်ဆိုင်ထားသော CPU ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ မှာဆို Intel ကထုတ်တဲ့ CPU တွေကို အသုံးများကြပါတယ်။
Intel က အစောပိုင်း CPU တွေကို နံပါတ်တွေနဲ့ သာ အမည်ပေးခဲ့ပါတယ်။
4004 Processor ကို Intel သည် ၁၉၇၁ ခုနှစ်တွင် ပထမဆုံး စမ်းသက် ရောင်းချခဲ့ပါတယ်။
အဲ့ဒီနောက် Intel 8008 Processor , Intel 8080 Processor , Intel 8086 Processor, Intel 8088 Processor အစရှိတဲ့ အမည်များနဲ့ ဖြစ်ပါတယ်။
468DX2 နောက်မှာတော့ Pentium, Celeron အစရှိတဲ့ Pentium မျိုးဆက်ပဲ ဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာတော့ Core အမည်များနဲ့ လာပါတယ်။ Core 2 Duo, Core 2 Quad ကနေ စပြီး ယနေ့ နောက်ဆုံးပေါ် Core i3, Core i5, Core i7, Core i9 တို့ ဖြစ်ကြပါတယ်။
AMD (Advanced Micro Device) ကုမ္ပဏီ ရဲ့ Processor အကြောင်း ဆက်ပြောရအောင်ပါ။
အရင်တုန်းက AMD က ထုတ်တဲ့ Processor တေကို မသုံးမများပင်မဲ့ ယနေ့ ခေတ်မှာတော့ အသုံးများလာပါပြီ။ ဘာကြောင့်လဲဆိုတော့ Ryzen CPU တွေက စွမ်းဆောင်ရည် ကောင်းမွန်လာပြီးတော့ Intel CPU တွေ ထက်လဲ ဈေးသက်သာလာတာကြောင့် ဖြစ်ပါတယ်။ AMD Ryzen Series ကတော့ AMD ကို CPU စျေးကွက်မှာ ပြန်ပြီး မျက်နှာရအောင် စွမ်းဆောင်ပေးထားတဲ့ ကောင်ဖြစ်ပါတယ်။
Ryzen ဆိုတာ AMD ကထုတ်တဲ့ Brand တစ်ခုဖြစ်ပြီး x64 Bit နှင့် x86 Microprocessor တွေကို Desktop, Laptop နှင့် Mobile အတွက် အဓိက ထုတ်လုပ်ပါတယ်။
Ryzen CPU တွေကို Entry, Mainstream, Performance, High-end Desktop ဆိုပြီး သတ်မှတ်ထားပါတယ်။
Entry မှာဆိုလျင် Ryzen 3, Mainstream မှာဆိုလျင် Ryzen 5, Performance မှာဆိုလျင် Ryzen 7 နှင့် High-end desktop မှာဆိုလျင် Ryzen Threadripper ဆိုပြီး Model တွေကိုခွဲခြားနိုင်ပါတယ်။
Ryzen မှာ intel လိုမျိုး Model တွေကို အလွယ်တကူ ခွဲခြားနိုင်အောင် Ryzen 3, Ryzen 5, Ryzen 7, Ryzen 9, Ryzen Threadripper အစရှိသဖြင့် သတ်မှတ်ထားပါတယ်။