RAM ဘယ်လိုအလုပ်လုပ်သလဲ

 RAM ဘယ်လိုအလုပ်လုပ်သလဲ။ Specification ရောဘယ်လိုကြည့်သလဲ
=======================================



RAM နဲ့ Harddrive က တွဲပြီးအလုပ်လုပ်ပါတယ်။ hard drive က သင့်ရဲ့ data/ files/videos/photos တွေအကုန်သိမ်းပေးထားမှာဖြစ်ပါတယ်။ size လဲကြီးတော့ အများကြီးသိမ်းထားနိုင်ပါတယ်။ application တွေ install လုပ်လိုက်ရင် hard drive ထဲကိုရောက်သွားမှာဖြစ်ပါတယ်။ သူက size ကြီးတဲ့အတွက် သင်လက်ရှိလိုအပ်တဲ့ application , software , file တစ်ခု့ခု့ဖွင့်ပေးဖို့ CPU က ခိုင်းလိုက်ရင် သူကချက်ချင်း လာမပြနိုင်ပါဖူး၊ နှေးပါတယ်။

အဲ့ဒီအတွက် RAM ကအစားအလုပ်လုပ်ပေးရပါတယ်။ သူက

size သေးပေမဲ့ hard drive အစား CPU ခိုင်းတာကို ချက်ချင်းထုတ်ပြ ပေးမှာဖြစ်ပါတယ်။

RAM က သင် application ကနေလိုအပ်တဲ့အရေးကြီးတဲ့ data တွေကို သိမ်းထားပေးမှာဖြစ်ပြီး သင်လိုအပ်ရင်ချက်ချင်းထုတ်ပြပေးမှာပါ။

ဥပမာ - ဂိမ်းတစ်ခု့ဖွင့်ဆော့မယ် ဆိုရင် Harddrive ကြီးတစ်ခု့ထဲနဲ့ဆော့နေလို့မရပါဖူး ဂိမ်းက 1 frame per minute ဖြစ်နေပါလိမ့်မယ်။ သင် game စစဖွင့်ရင် LOADING ဆိုပြီးပေါ်လာပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ RAM ကနေ Hard Drive ထဲက သင်ဆော့မဲ့ဂိမ်းရဲ့ အရေးတစ်ကြီးလိုအပ်မဲ့ data ချက်ချင်းပေးနိုင်ဖို့ကို ပြောင်းရွှေ့သိမ်းနေတာပါ။ပြီးရင် RAM နဲ့ Hard Drive နဲ့အတူတူအလုပ်လုပ်ပြီး game ကို run ပေးပါလိမ့်မယ်။ သင့်မှာ ခြံတစ်ခြံရှိမယ် စတိုခန်းကြီးအကြီးကြီးတစ်ခု့ရှိမယ် ပစ္စည်းတွေအများကြီးထား

မယ်ဆိုရင် သင်တစ်ခု့ခု့လိုအပ်တဲ့အခါ လိုက်ရှာဖို့ရယ် သွားယူဖို့ရယ်က

စတိုခန်းအကြီးကြီးဖြစ်နေတဲ့အတွက်ကြာပါလိမ့်မယ်။ ဒါမှမဟုတ် သင်အရေးတကြီးလိုအပ်မဲ့ ပစ္စည်းကို၊ ခနခန အပြင်ထုတ်လိုက်ထည့်လိုက်လုပ်မဲ့ပစ္စည်းကိုကျတော့ စတိုခန်းအကြီးထဲမှာမဟုတ်ပဲ ခြံပေါက်ဝနားက အသေးလေးထဲပြောင်းပြီးထည့်ထားရင် ရှာရလွယ်ပါလိမ့်မယ်။

စတိုခန်းအကြီးက hard drive နဲ့တူပြီး စတိုခန်းအသေးက RAM နဲ့ တူပါတယ်။

အဲ့တော့ ကိုယ်သုံးတဲ့ storage speed အပေါ်လိုက်ပြီးတော့ Performance ကွာသွားပါမယ်။ 

Ram တစ်ချောင်း ရဲ့ Specification ကိုဘယ်လိုသိမလဲ

============================ 

Speed ရယ် Timing ရယ် ကိုကြည့်ရပါမယ်။ တော်တော်များများက Speed ပဲကြည့်တတ်ကြတာပါ။

အလွယ်ပြောရရင် Speed က Data Transfer လုပ်တဲ့ နူန်းပေါ့။ Timing ဆိုတာက အလုပ်တစ်ခု့ပြီးသွားရင် နောက်တစ်ခု့စဖို့ Delay ဖြစ်တဲ့အချိန်နဲ့ CPU ခိုင်းလိုက်တဲ့ အလုပ်ကို မလုပ်ခင် ခနလောက် ကြောင်တောင်တောင်နဲ့ ရပ်ပြီးစဉ်းစားနေတဲ့ အချိန်ကို Timing နဲ့တိုင်းပါတယ်။

Speed က Mhz နဲ့ ပြလေ့ရှိပြီး များလေကောင်းလေပါ။ Timing က 15-16-16-35 ဆိုတဲ့ နံပါတ်တွေနဲ့ပြလေ့ရှိပါတယ်။သူက နည်းလေကောင်းလေပါ။

RAM speed မှာ Frequency နဲ့ပဲတိုင်းပြီးတော့ မြန်တာကိုထည့်တိုင်းကောင်းချင်မှကောင်းမယ်။

CPU က 2666mhz နဲ့အလုပ်လုပ်တယ်ဆို အဲ့ speed နဲ့ပဲအလုပ်လုပ်မှာပါ။ ဒါကို ပိုမြန်တဲ့ RAM ထည့်မယ်ဆိုရင်။ ဒါမှမဟုတ် Overclock လုပ်ပြီး RAM speed ကိုတင်လိုက်မယ်ဆိုရင် RAM နဲ့ Storage ကြားက speed မြန်သွားပြီး။ Rendering Performance အချို့ ပိုမြန်နိုင်ပါတယ်။ တစ်ချို့ Game တွေရဲ့ FPS 20-30 လောက်အထိ ပိုများလာနိုင်ပါတယ်၊ ဒါကလဲ ဘယ်လောက်တိုးတက်မလဲဆိုတာ CPU + GPU အနှိမ့်အမြင့် အပေါ်ကိုမူတည်ပါဦးမယ်။

Timing နံပါတ်တွေက 15-16-16-35 ဆိုပြီး ၄ခု့ရှိတယ်ဆိုရင် တစ်ခု့ခြင်းစီက ဘာကိုဆိုလိုတာလဲဆိုတော့။

ပထမဆုံး နံပါတ် 15 က CAS Latency (Column Access Strobe) လို့ခေါ်ပါတယ်။ သူက သင့် CPU ခိုင်းလိုက်တဲ့ Data တစ်ခု့ကို မပေးခင် ခနလောက်စဉ်းစားနေတဲ့အချိန်ပေါ့။

ဒုတိယ နံပါတ် 16 က tRCD (Row Address to Column Adress Delay) လို့ခေါ်ပါတယ်။ ရှင်းရှင်းလေးပဲပြောရရင် Data ရှာတဲ့အချိန်ပါ။ သင့်ရဲ့ RAM 16GB ရှိပြီး 80% data စားနေရင် အထဲမှာ 12.8 GB လောက်က Full ဖြစ်နေပါလိမ့်မယ်။ အဲ့ထဲ ကမှ CPU က လက်ရှိ milli second (0.001 second) အတွင်းမှာ တောင်းလိုက်တဲ့ Data က 100Mb လောက်ပဲရှိပြီး ဒီ 12.8GB လောက်ထဲမှာ ဘယ်နေရာမှာရှိမလဲ လိုက်ရှာတဲ့အချိန်က ဒုတိယ နံပါတ်နဲ့တိုင်းပါတယ်။ 1 sec ကို Data တောင်းရင် တောင်းသလောက် ပြန်ပြန်ပေးနိုင်တဲ့ Performance ပေါ့။

တတိယနံပါတ် 16 က tRP လို့ခေါ်ပါတယ်။ Data တွေ RAM ထဲကို ဝင်လာပြီဆိုရင် သူတို့အတွက် နေရာထိုင်ခင်း ပေးဖို့ ပြင်ဆင်ရပါတယ်။ Data တွေက ရုပ်ရှင်ရုံထဲက ထိုင်ခုံတွေလို Row တွေ Column တွေနဲ့ သိမ်းတာဖြစ်လို့ Row တစ်ခု့ကုန်သွားရင် နောက်တစ်ခု့ကို ပြင်ပေးရပါတယ်။ tRP က အဲ့လို ပြင်ပေးတဲ့ အချိန်ကို တိုင်းတဲ့ Clock Cycle ပါ။

နောက်ဆုံးနံပါတ် 35 က tRAS (Row Active Time) ပါ။ ဒါကတော့ အချိန်မဟုတ်တော့ပဲနဲ့ RAM ထဲက tRP အသင့်ပြင်ပေးထားတဲ့ ROW မှာဘယ်လောက် Clock Cycle အနည်းဆုံးရှိနေရင်  အဲ့ Row က အချိန်မရွေး အလုပ်လုပ်ဖို့ Ready ဖြစ်နေမလဲဆိုတာ တိုင်းတဲ့ Unit ပါ။ 

.Clock Cycle ဆိုတာ Computer တစ်ခု့အလုပ်လုပ်တဲ့ စက်ဝိုင်းတစ်ခု့ပါ။ သူက Wave တွေလို နံလုံးခုန်နှုန်းကြည့်တဲ့ စက်တွေလို သွားပါတယ်။ Operation တစ်ခု့ ကနေ တစ်ခု့ကိုလုပ်ဖို့ ကြားထဲမှာ Cycle ဘယ်နှခု့လိုလဲဆိုတာကို ဆုံးဖြတ်တဲ့ Unit ပါ။ နမူနာတစ်ခု့ပြပါမယ်။

Instruction Cycel > Fetch Cycle > Execute Cycle 

ခိုင်းတယ် > သွားယူတယ် > ဆောင်ရွက်တယ်။ 

ဒါဆို 3 Clock cycle ပေါ့။ ဒါပေမဲ့ တကယ်တမ်းအလုပ်လုပ်ရင် အဲ့ထက် Cycle ပိုများပါတယ်။ ဒါက မြင်အောင် ပြလိုက်တာပါ။

Post a Comment

Previous Next

نموذج الاتصال