Macbook တွေရဲ့ Lock Screen မှာထားထားတဲ့ Password မေ့ဖူးလား ?
ဒါဆိုရင်တော့ Macbook တွေရဲ့ Lock Screen ရဲ့ Password တွေကို မေ့သွားတဲ့အခါ ဘယ်လိုမျိုး Forget Password လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။
အရင်ဆုံး Macbook ရဲ့ Power ကို Off လုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Macbook ရဲ့ Power Buttons ပြန်နှိပ်ပြီး Power ပြန်ဖွင့်ပေးရမှာပါ။
Power ဖွင့်နေရင်း Apple Logo ပြန်တက်လာခဲ့မယ်ဆိုရင်တော့ Command + R Key တို့ကို တွဲပြီး ဖိပေးထားရမှာဖြစ်ပြီး Recovery Mode ကို ရရှိအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
Recovery Mode ကို ရောက်ရင်တော့ အပေါ်ဘက် Bar မှာ ရှိတဲ့ Utilities ထဲကို ဝင်ပေးရမှာဖြစ်ပါတယ်။
Utilities ထဲမှာတော့ Terminal ကိုရွေးပေးရမှာဖြစ်ပြီး Code ရိုက်ရမယ့် အကွက်လေးပေါ်လာရင်တော့ resetpassword လို့ ရိုက်ပြီး Enter ခေါက်လိုက်ရင်ရပါပြီ။
Enter ခေါက်ပြီးရင်တော့ Password ပြောင်းမယ့် Macbook ရဲ့ Profile ပေါ်လာမှာဖြစ်ပြီး ပြန်ပြောင်းထည့်မယ့် New Password ရယ် Verify ရယ်ကို ရိုက်ထည့်ပြီး Restart ကို နှိပ်လိုက်ပါ။
M1 Macbook တွေအတွက် Lock Screen က Password ကို Reset လုပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Macbook ကို Shutdown လုပ်ပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ Power Buttons ကို ကြာကြာလေးပြန်ဖိပေးထားပြီး Recovery Mode ကို ဖော်ပေးရမှာဖြစ်ပါတယ်။
ဒီအဆင့်မှာတော့ Option ကို Continue လုပ်ပြီးတာနဲ့ Apple ID ကို နှစ်ခေါက်ထည့်ပေးရမှာဖြစ်ပြီး Apple ID ကို Macbook ထဲမှာ မထည့်ထားရင်တော့ ဒီ အဆင့်တွေလိုအပ်မှာမဟုတ်ပါဘူး။
နောက်တစ်ချက်က Deactivate လုပ်ပေးရမှာဖြစ်ပြီး Apple ID ထည့်လို့ ပြီးတာနဲ့ Recovery Mode ပေါ်လာတဲ့အခါ Utilities ထဲက Terminal မှာ resetpassowrd လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ရုံပါပဲ။
ပြီးရင်တော့ New Password နဲ့ Verify ရယ်ကို ထည့်ပြီး Restart ချလိုက်တာနဲ့ Passoword လေးပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့ အသစ်ထည့်လိုက်တဲ့ Password လေးနဲ့ Macbook လေးကို အသုံးပြုလို့ရနိုင်မှာဖြစ်ပြီး Password မေ့နေရင်လည်း စိတ်ပူစရာမလိုတော့ဘူးပေါ့။