Internet ဘယ်လိုပေါ်ပေါက်ခဲတာလဲ?
ယနေ့ခေတ်မှာ အင်တာနက်ဆိုတာကို လူတိုင်းနီးပါးအသုံးပြုလာကြပြီဖစ်ပါတယ်။ Facebook, Instgram, Viber, Telegram, Twitter စတဲ့ Social Media များသာမက Email (Eelectrionic Mail) များ၊ Online Game များဒေါင်းလုဒ်ဆွဲခြင်း နှင့် ကစားခြင်းတို့အတွက် အင်တာနက်ကိုအသုံးပြုနေကြပါြပီ။
အင်တာနက်ပေါ်ပေါက်ခဲ့တာအခုဆိုရင် ရာစုနှစ်လေးခုလောက်သက်တမ်းရှိခဲ့ပါပြီ။အဲ့တာဆိုရင်တော့ အင်တာနက်ဆိုတာဘာလဲ ဘယ်လိုစတင်ပေါ်ပေါက်လာတာလဲ ဆိုတာကို ပြောပြသွားမှာြဖစ်ပါတယ်။ ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး အချက်အလက်တွေ အပြန်အလှန်ပို့နိုင်အောင် ချိတ်ဆက်ထားခြင်းကို နက်ဝပ် (Network) လို့ခေါ်ပါတယ်။ Internet ဆိုတာကတော့ နက်ဝပ်တွေအချင်းချင်းချိတ်ဆက်ထားတဲ့ နက်ဝပ်များရဲ့ နက်ဝပ် ဖြစ်ပါတယ်။
ဒီနေ့ခေတ်နည်းပညာများရဲ့ အခြေခံပင်မဖြစ်တဲ့ အင်တာနက် နည်းပညာပေါ်ပေါက်လာပုံကတော့ ဆိုဗီယက်ပြည်ထောင်စုက ကမ္ဘာပထမဆုံးဂြိုလ်တု စပွန်နစ် ဝမ်း (Sputnik 1) ကို လွှင့်တင်ခဲ့ခြင်းပါ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုလ်တုလွှတ်တင်ဖို့ ကြိုးစားပြင်ဆင်နေဆဲမှာပဲ သူတို့ရဲ့မဟာပြိုင်ဘက်က လွှင့်တင်နိုင်ခဲ့တာပါ။
ထို့ကြောင့် ARPA ဆိုတဲ့အဖွဲ့အစည်းကို နည်းပညာသုတေသနပြုလုပ်ဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဌာနကနေပြီး စတင်ဖွဲ့စည်းခဲ့ပါတယ်။ အင်တာနက်ဟာ ARPA ရဲ့ ဖန်တီးမှုများထဲမှ တစ်ခုဖြစ်လာပါတယ်။
၁၉၆၇ ခုနှစ် အောက်တိုဘာလတွင် ARPANET လို့အမည်ပေးထားတဲ့ Computer Network နည်းပညာတခုကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ၁၆၆၉ ခုနှစ် ဒီဇင်ဘာလတွင် Computer (၄) လုံးကိုပထမဆုံး Network အနေနဲ့ စတင်ချိတ်ဆက်အသုံးပြုခဲ့ပါတယ်။ပထမဆုံး Network မှာသုံးခဲ့တဲ့ Packets Switching နည်းစနစ်ကို ယနေ့အထိအသုံးပြုနေဆဲဖြစ်ပါတယ်။
ARPANET ရဲ့ Packets Switching နည်းစနစ်ကို ဗြိတိန်တက္ကသိုလ်တွေစုပေါင်းထားတဲ့ ကွန်ယက်တစ်ခုဖစ်တဲ့ JANET နဲ့ နည်းပညာ Company တခုဖြစ်တဲ့ CompuServe အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း အသုံးပြုလာကြပါတယ်။ ဒီ Network တွေဟာ ယနေ့ခေတ်နဲ့နှိုင်းယှဉ်ရင် Private Network သာသာမျှသာရှိပါတယ်။ အင်တာနက်ဟာ ကမ္ဘာတစ်ဝှမ်းလုံးက သတင်းအချက်အလက်တွေကို ပေးပို့ဆောင်ရွက်ပေးရုံသာမက ဘယ်အချိန်ဘယ်နေရာမဆို အင်တာနက်ကိုအသုံးပြုပြီး တစ်ယောက်နဲ့တစ်ယောက် ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး ဖုန်းတစ်လုံးနဲ့တစ်လုံး ဆက်သွယ်လို့ရပါတယ်။
အခု ၂၀၂၀ နောက်ပိုင်းမှာဆိုရင်တော့ ခန့်မှန်းခြေ ၄.၅ ဘီလီယံသောလူများက သို့မဟုတ် ကမ္ဘာ့လူဦးရေရဲ့တစ်ဝက်ကျော်လောက်က အင်တာနက်ကို အသုံးပြုလာနိုင်ပြီပဲ ဖြစ်ပါတယ်။ အချုပ်ဆိုရရင်တော့ အင်တာနက်ဆိုတာ ကွန်ပျူတာကွန်ယက် အကြီးကြီးတစ်ခု ဖြစ်ပါတယ် ကျွန်တော်တို့အားလုံးက အင်တာနက်နဲ့ မကင်းနိုင်ကြပါဘူး။ ဒါကြောင့်အင်တာနက်ဆိုတာဘာလဲ ဘယ်လိုပေါ်ပေါက်ခဲ့တာကိုသိထားသင့်ပါတယ်ခင်ဗျာ။