အင်ဂျင်ရေဆူခြင်းနှင့် cooling fan မလည်ခြင်းပြဿနာ

 အင်ဂျင်ရေဆူခြင်းနှင့် cooling fan မလည်ခြင်းပြဿနာ 


ထိုပြဿနာကား ဒီဇယ်ထက်ဓာတ်ဆီကားတွေမှာ ပိုပြီးအဖြစ်များတယ်။ အင်ဂျင်စစနိုးတဲ့အချိန်မှာ အင်ဂျင်ထဲရှိ cooling water (ရေ) က အေးနေတာကြောင့် ဒိုင်ခွက်မှာ ရေအပူချိန်ပြမီး အပြာရောင်လေးလင်းနေမယ်။ ထိုအချိန်မှာ အင်ဂျင်ရေအပူချိန်က 70°C အထက်ရှိနေပါတယ်။ 100°C နားရောက်နေရင် cooling fan ထလည်ရပါမယ်။ အဲ့ဒီလို မလည်ရင် ကားရေဆူပါတော့တယ်။ cooling fan အများစုသည် ၂ ပင်ဆော့ကဒ်နဲ့လာတယ်။ တစ်ပင်သည် ground နောက်တစ်ပင်က relay ရဲ့ အပေါင်းကြိုးဖြစ်ပါတယ်။ cooling fan ရဲ့ အလုပ်က ECT ဆင်ဆာရဲ့ ရေအပူချိန်ကို ECU က အာရုံခံပြီး ရေတိုင်ကီကို အေးစေဖို့ cooling fan ကို အလည်ခိုင်းပါတယ်။ ECT ဆင်ဆာအလုပ်လုပ်ပေမဲ့လည်း cooling fan မလည်တာမျိုးရှိတယ်။ ECT ဆင်ဆာနဲ့ cooling fan က စပ်ဆက်မှုရှိနေပေမဲ့လည်း ပြစ်ချက်ကတော့ မတူပါဘူး။ Hijet ၊ Mira ၊ carrry စတဲ့ 660cc ကားလေးတွေနဲ့ lighttruck လို box ကားတွေမှာ ပိုပြီး ကြုံရတယ်။ အိမ်စီးကားမှာတော့ ကြုံရပေမဲ့ လေပိုင်းနဲ့ဆီပိုင်း ပြစ်ချက်ပိုများပါတယ်။ cooling fan ကောင်းမကောင်းသိချင်ရင် scan tools ရဲ့ special function ထဲဝင်ပြီး စမ်းလို့ရတယ်။ နောက် battery နဲ့ အလွတ်စမ်းလို့ရတယ်။  Yotong ၊ Volvo ၊ Man ၊ Scania စတဲ့ ကားကြီးတွေမှာတော့ scan tools နဲ့ fan ကို ၁၅ မိနစ်လောက်အလွတ်လည်စေပြီး fan ဆီချုပေးရတာရှိတယ်။ ကားလေးတွေကတော့ battery နဲ့ မောင်းတာဖြစ်လို့ fan ဆီချူစရာမလိုပါ။ cooling fan မလည်တာက fan မကောင်းတာ ၊ fan လောင်တာဖြစ်နိုင်သလို ၊ Fuse တွေ relay တွေ မကောင်းတာလည်းဖြစ်နိူင်တယ်။ အများစုကတော့ Fan relay မကပ်လို့ cooling fan မလည်ဘဲ အင်ဂျင်ဟိတက်တာကတော့ များပါတယ်။ အဲ့လို အခါမျိုးကျရင် cooling fan ကို battery နဲ့ တိုက်ရိုက်ကျွေးပြီး မောင်းလို့ရပေမဲ့ fan ကတော့ သော့ဖွင့်တာနဲ့ တန်းလည်နေမှာဖြစ်ပါတယ်။ အဲ့အခါကျရင် သာမိုစတက်က မပွင့်သေးဘူး fan ကကြိုလည်သလိုတော့ဖြစ်နေမှာပါ။ cooling fan (radiator fan) ရဲ့ ပုံမှန်အလုပ်လုပ်ချိန်က 93°C နဲ့ 95°C ကြားဖြစ်ပါတယ်။ 



Post a Comment

Previous Next

نموذج الاتصال