မြန်မာ့သမိုင်း



 သမိုင်းမတင်မှီခေတ်အချိန်က

ယနေ့မြန်မာနယ်နမိတ်အတွင်း
နေထိုင်ကြသည့် လူများသည်
တရုတ်-တိဗက်ဒေသမှ
ဧရာ၀တီမြစ်ကြောင်း တလျှောက်
ရောက်ရှိလာကြသူများ ဖြစ်သည် ။

ဘီစီ ၃၀၀၀- ခန့် တွင်
ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသ နှင့်
ဘင်္ဂလား ပင်လယ်အရှေ့ ပိုင်း ဒေသများ
တွင် Mon ( မွန် ) လူမျိုး စတင်
ပေါ် ပေါက်လာခဲ့သည်ဟုဆိုသည် ။

မွန် လူမျိုးများသည်
အရှေ့ တောင် အာရှဒေသတွင်
အစောဆုံး ရှေးကျသည့် လူမျိုးများဟု
သမိုင်းသုတေသီများမှ ဆိုသည် ။
.
.
သူတို့သည် စိုက်ပျိုးရေးများကို
လုပ်ကိုင်ကြပြီး အိန္ဒိယဒေသနှင့်
လည်းကူးလူးဆက်ဆံမှုရှိခဲ့သည် ။

နောက်ပိုင်း နှစ်ခြမ်ကွဲကွာသွားပြီး
တခြားမွန်လူမျိုးများသည်
ဆူရာပါရ တောင်ကြား
( ယနေ့ ထိုင်းနိင်ငံဒေသ ) သို့
အခြေချရန် ရောက်ရှိသွားခဲ့သည် ။

မြန်မာနိင်ငံ၏ ရှေးခေတ် သမိုင်းကို
လူအများ သေချာစွာမသိကြပေ ။

မြန်မာ့သမိုင်းသည်
ပျူခေတ်မှ စတင်သည်ဟု အများက
ဆိုကြသည် ။
.
.
.
ပျူခေတ်
✴✴✴

အေဒီ ၆၂၈ ခုနှစ်တွင်
ဧရာ၀တီအနောက်ဖက်ဒေသတွင်
နေထိုင်သူများမှ ယနေ့ ပြည်မြို့ အနီးတွင်
ပျူမြို့ ပြနိင်ငံငယ်ကို
စတင် တည်ထောင်ခဲ့ကြသည် ။

ပြည်မြို့ သည် မြန်မာနိင်ငံ အလယ်ပိုင်း
ဒေသ တွင်တည်ရှိသည် ။

အေဒီ ၉ -ရာစုခန့် တွင်
Burmans အမည်ရသည့် လူမျိုများသည်
ဧရာ၀တီမြစ်ကြောင်း တလျှောက်
ရောက်ရှိလာပြီး နောက်ပိုင်း
ပျူများ ၊ မွန်များနှင့်
ရောနှောသွားခဲ့သည် ။

ထိုမှတဆင့်
ရှမ်း ၊ ကချင် ၊ ကရင် စသည့်
လူမျိုးစု များပေါ် လာခဲ့သည် ။

ထိုလူများအားလုံးသည်
နိင်ငံတိုးတက်မှု ဖြစ်စဉ်တွင်
သူ့ ဒေသနှင့်သူ ပူးပေါင်း ပါ၀င်ခဲ့သည် ။
.
.
.
ပုဂံ ဘုရင်ခေတ်
✴✴✴

ပထမဆုံး တစည်းတလုံးတည်း ဖြစ်သည့်
မြန်မာနိင်ငံကို ဘုရင် အနော်ရထာ မှ
( အေဒီ ၁၀၄၄- ၁၀၇၇ ) ခုနှစ်တွင်
မြန်မာနိင်ငံအထက်ပိုင်း ပုဂံဒေသတွင်
စတင်ဖွဲ့ စည်း တည်ထောင်ခဲ့သည် ။

ထိုခေတ်၏ အမြင့်ဆုံးအချိန်သည်
ဘုရင်ကျန်စစ်သား ( အေဒီ ၁၀၈၄ - ၁၁၁၂ ) အချိန် ဖြစ်ပြီး
ထိုအချိန်က ပဲခူး ၊ သထုံဒေသတွင်
အခြေပြုသည့် မွန်များနှင့်
ရင်းနှီးသည့်ဆ က်ဆံမှုတည်ရှိခဲ့သည် ။

ပုဂံဒေသ၏ အုပ်ချုပ်မှု ၊ အဆောက်အဦး
ပုံစံများသည် ဟိန္ဒူဘုရင်များ၏
အုပ်ချုပ်မှုနှင့်အဆောက် အဦးပုံစံများနှင့်
ဆင်တူခဲ့သည် ။

ကျေးရွာများမှ အခွန်ကောက်ခံကာ
မြို့တော်ပုဂံမှ အုပ်ချုပ်ခဲ့သည် ။
.
.
ဘုရင်များ၏အုပ်ချုပ်မှုပုံစံသည်
ဗုဒ္ဓအဆုံးအမတ်ကို အခြေခံခဲ့သည် ။

နှစ်ပေါင်း ၂၅၀ အကြာ အထိ
ပုဂံဒေသတွင် ဘုရားပုထိုးများစွာကို
တည်ထား ကိုးကွယ်ခဲ့ကြသည် ။

ယနေ့အချိန်ထိ ထို ဘုရားများ မှာ
“ ပုဂံဘုရားများ” ဟု ထင်ရှားသည် ။
.
.
ထိုအချိန်က
မွန်ဒေသရှိသူများသည်
ပင်လယ်ခရီးဖြတ်ကျော်ကာ
ဆီလုံ( ယနေ့သိရိလင်္ကာ ) ဒေသနှင့်
ကူးလူးဆက်ဆံနေပြီဖြစ်သည် ။

ပုဂံဘုရင်များသည်
မြောက်ပိုင်းတရုတ်ဒေသမှ
ကျူးကျော်မှုများကို မွန်များနှင့်
ပူးပေါင်းကာ ရင်ဆိုင် ခဲ့ကြသည် ။
.
.
အေဒီ ၁၂၈၇ ခုနှစ်တွင်
မွန်ဂိုဘုရင်ကူဗလိုင်ခံမှ
ပုဂံဒေသကို ကျူးကျော်တိုက်ခိုက်ခဲ့သည် ။
.
.
ထိုကျူးကျော်မှုများနှင့်အတူ
အုပ်ချုပ်ရေးပျက်ပြားကာ
ရှမ်းဒေသတွင်ရှမ်းလူမျိုးများ ကြီးစိုးပြီး
မြန်မာနိင်ငံအောက်ပိုင်းပဲခူးတွင်
မွန်လူမျိုးများ အုပ်ချုပ်နေခဲ့ကြသည် ။
.
.
.
ဥရောပ တိုက်သားများရောက်ရှိလာခြင်း
✴✴✴

အေဒီ ၁၅၀၀ အချိန်မှစ၍
ဥရောပ အနောက်ဖက်ဒေသမှ
ဥရောပတိုက်သားများသည်
ရေလမ်းခရီးကို အသုံးပြုကာ
ကမ်ဘာ တလွှား
ကိုလိုနီနယ်မြေများကို
ချဲ့ထွင် လာခဲ့ပြီးကြပြီးနောက်
ကမ်ဘာကြီးသည် ကိုလိုနီခေတ် သို့
ရောက်ရှိ လာခဲ့သည် ။

ပေါ် တူဂီ လူမျိုးများသည် အစောဆုံး
အန္ဒိယဒေသသို့ ရောက်ရှိကာ ၊
ယနေ့ စစ်တကောင်း ဒေသ တွင်
အထိုင်ချပြီး ရခိုင်ဒေသ ၊
Syriam ( ယနေ့ ရန်ကုန်အနီး
သန်လျှင် ) ဒေသများ နှင့်
ကူးသန်းရောင်း၀ယ်ရေး ပြုလုပ်
နေခဲ့ကြသည် ။

ထိုအချိန်က Syriam သည်
မွန် ဘုရင် တို့ ၏ ဒေသ ဖြစ်သည် ။
.
.
အေဒီ ၁၆၀၀ - ၁၇၀၀ အချိန်က
ပေါ် တူဂီ ၊ ပြင်သစ် ၊ ဗြိတိသျှ
စသည့် ဥရောပ လူမျိုးများသည်
အန္ဒိယ ဒေသတွင်
ကူးသန်းရောင်း၀ယ်ရေးအတွက်
နယ်မြေများကို အပြိုင်အဆိုင်
လုယူခဲ့ကြသည် ။

ထို့ပြိုင်ဆိုင်မှုများသည်
မြန်မာနိင်ငံ နှင့် အရှေ့တောင်အာရှ
တလွှားကို သက်ရောက်ခဲ့သည် ။
.
.
.
တောင်ငူဘုရင်ခေတ်
✴✴✴

အေဒီ ၁၆ -ရာစုအစတွင်
ဒုတိယမြန်မာနိင်ငံတော်ကို
မြန်မာနိင်ငံအလယ်ပိုင်း တောင်ငူမြို့
မှ စတင်ခဲ့သည် ။

ဤခေတ်၏ တတိယဘုရင်
ဘုရင့်နောင် ( အေဒီ ၁၅၅၁ - ၁၅၈၁ )
လက်ထက်တွင်
ပေါ် တူဂီများ၏ အကူအညီကို ရယူပြီး
“ တောင်ငူခေတ် ” ကို ထူထောင်ကာ
အကွဲကွဲအပြားပြား ဖြစ်နေသည့်
ပြည်နယ်များကို စုစည်းနိင်ခဲ့သည် ။

ဘုရင့်နောင်သေဆုံးပြီးနောက်
ထိုစုစည်းထားသောဒေသများသည်
အကွဲကွဲအပြားပြား ဖြစ်သွားခဲ့သည် ။

သို့သော်လဲတောင်ငူခေတ်သည်
၁၈ - ရာစုအလယ်အထိကြံကြံခံခဲ့သည် ။

အေဒီ ၁၇၅၂ ခုနှစ်တွင်
မွန်တော်လှန်ပုံကန်မှုနှင့်အတူ
တောင်ငူခေတ် ပျောက်ကွယ်ခဲ့ရသည် ။
.
.
ကုန်းဘော်ခေတ်
✴✴✴

အေဒီ ၁၇၅၂ ခုနှစ်တွင်
အလောင်းဘုရားမှ ကုန်းဘောင်ခေတ်ကို
ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသတွင်
စတင်တည်ထောင်ခဲ့သည် ။

အလောင်းဘုရားသည်
ဗြိတိသျှတို့ ၏ အကူအညီကိုရယူကာ
( ဆင်းပြည်နယ်) ထိုင်းနိင်ငံ အယုဒွယသို့
ချီတက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည် ။

ဆင်ဖြူရှင်(အေဒီ ၁၇၆၃- ၁၇၇၆ )
လက်ထက်တွင် တဖန် ထိုင်းသို့
၀င်ရောက်သိမ်းပိုက်ခဲ့ပြီး
အယုဒွယမြို့ကိုဖျက်ဆီးပစ်ခဲ့သည် ။

ထိုအချိန်မှစ၍ ထိုင်းလူမျိုးများသည်
မြို့ တော်အား “ဗန်ကောက်” သို့
ရွှေ့ ပြောင်းသွားခဲ့ကြသည် ။
.
.
ဘိုးတော်ဘုရားလက်ထက်တွင်
ထိုင်းဒေသအား ထိန်းချုပ်မှုကို
စွန့်လွှတ်ခဲ့ရပြီးနောက်
ဘင်္ဂလား နယ်စပ်မှ Arakan ( ရခိုင်)
ဒေသကို သိမ်းယူခဲ့သည် ။

အေဒီ ၁၉- ရာစု အစတွင်

ရခိုင်သူပုန်များမှ ဘင်္ဂလားကို
အခြေပြုပြီး ပုံကန်သဖြင့်
စစ်သူကြီး မဟာဗနွုလ မှ
အာသံဒသေ အထိ
တိုက်ခိုက် သိမ်းယူခဲ့သည် ။
.
.
.

ဗြိတိသျှ- မြန်မာစစ်
✴✴✴

အေဒီ ( ၁၈၂၄ မှ ၁၈၂၆ ) အတွင်း
ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲ
( First Anglo-Burmese War )
ဖြစ်ပွားခဲ့သည် ။

ဗြိတိသျှ သမိုင်းမှတ်တမ်းတွင် ….
မြန်မာဘုရင်များ၏
နယ်မြေကျူးကျော်မှု ကြောင့်
ရေကြောင်းမှ တဆင့်
မြန်မာ စစ်စခန်းရှိရာ
ဧရာ၀တီမြစ်၀ကျွန်ပေါ် ဒေသကို
၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည် ။

မြန်မာများစစ်ရှုံးသဖြင့် ရန်တပို (Yandabo ) စာချုပ်အရ
ရခိုင်ဒေသ ၊ တနင်္သာရီ ဒေသ နှင့်
ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသ တချို့ ကို
အင်္ဂလိပ်သို့ လွှဲအပ်ခဲ့ရသည် ။
.
.
ပထမစစ်ပွဲပြီးနောက်
ဗြိတိသျှ တို့သည် သစ်ထုတ်လုပ်ရေး နှင့်
ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းများကို
သူတို့ထိန်းချုပ်ရာ ဒေသတွင်
အများအပြားလုပ်ကိုင်ခဲ့ကြသည် ။
.
.
၁၈၅၂ ခုနှစ်တွင်
အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ
(Second Anglo-Burmese War )
ဖြစ်ပွားခဲ့သည် ။

မြန်မာတို့စစ်ရှုံးပြီး
မြန်မာနိင်ငံအောက်ပိုင်းဒေသအား
အင်္ဂလိပ်သို့ လွှဲပေးခဲ့ရပြန်သည် ။

ဗြိတိသျှသမိုင်းမှတ်တမ်းများတွင်….
လူဦးရေထူထပ်လာမှု နှင့်အတူ
နိင်ငံရေးမတည်မငြိမ်ဖြစ်ကာ
နယ်မြေ အငြင်းပွားပြီး အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲ ဖြစ်ပွားခဲ့သည်ဟုဆိုသည် ။
.
.
.
ဗြိတိသျှတို့သည်
ပထမ ဗြိတိသျှ- မြန်မာစစ်ပွဲ ပြီးဆုံးချိန်မှသည် ၊ တတိယ စစ်ပွဲ အချိန်ထိ
ရခိုင်တိုင်း အုပ်ချုပ်ရေး ၊
တနင်္သာရီတိုင်းအုပ်ချုပ်ရေး ၊
ပဲခူးတိုင်းအုပ်ချုပ်ရေး စသည်ဖြင့်
ပိုင်းခြား အုပ်ချုပ်ခဲ့ကြသည် ။
.
.
.
၁၈၈၅ ခုနှစ်တွင်
တတိယစစ်ပွဲ ဖြစ်ပွားကာ
ဗြိတိသျှတို့ သည် မြန်မာဘုရင်၏
နန်းစိုက်ရာ မန ္တလေးမြို့ ကို
သိမ်းယူခဲ့ကြသည် ။

အင်္ဂလန် သမိုင်းမှတ်တမ်းတွင် …
တတိယစစ်ပွဲသည် အင်္ဂလိပ် နှင့်
ပြင်သစ်တို့ ၏ဒေသ ဆိုင်ရာပြိုင်ဆိုင်မှု
(Anglo-French regional rivalry )
ဟု ဆိုသည် ။

နှစ်ကြာလာသည်နှင့်အမျှ
ဗြိတိသျှတို့ ၏အုပ်ချုပ်ရေး
ယန ္တရားနှင့် ဥပဒေများသည်
တနိင်ငံလုံးသို့ လွှမ်းချုံသွားခဲ့သည် ။
.
.
.

ဗြိတိသျှအုပ်ချုပ်ရေးခေတ်
✴✴✴

ဗြိတိသျှတို့သည်
၁၈၈၆ ခုနှစ်တွင် မြို့တော်အား
မန ္တလေးမှ ရန်ကုန်သို့
ပြောင်းရွှေ့သွားခဲ့သည် ။

မြန်မာနိင်ငံအားလည်း
ဗြိတိသျှအင်ပါယာ၏
အန္ဒိယဒေသအစိတ်အပိုင်းအဖြစ်
သိမ်းသွင်း အုပ်ချုပ်ခဲ့ ကြသည်။

ဗြိတိသျှ တို့သည်
၁၉၂၃- ခုနှစ်မှ ၁၉၃၆ - ခုနှစ်အထိ
( ဒိုင်အာခီ အုပ်ချုပ်ရေးစနစ် ) ဖြင့်၄င်း ၊
၁၉၃၅ - ခုနှစ်မှ ၁၉၄၂ - ခုနှစ်အထိ
( ၁၉၃၅ - အက်ဥပဒေ ) ဖြင့်၄င်း
အုပ်ချုပ်ခဲ့ကြ သည် ။
.
.
.
ထိုအချိန်မှစ၍
အန္ဒိယလူမျိုးအများအပြားသည်
မြန်မာနိင်ငံသို့ရောက်ရှိလာခဲ့သည် ။

ဗြိတိသျှ အုပ်ချုပ်မှု နှင့်အတူ
မြန်မာ့ ယဉ်ကျေးမှုများသည်လဲ
ကိုလိုနီအငွေ့အသက်လွှမ်းမိုး
လာခဲ့သည် ။

ဘုန်းကြီးကျောင်းပညာရေးစနစ်
နေရာတွင် ဗြိတိသျှတို့၏
အစိုးရပညာရေးစနစ် များ
လွှမ်းမိုးလာခဲ့သည် ။
.
.
မြန်မာ နိင်ငံမှ
ကမ်ဘာတလွှားသို့
ဆန်စပါးတင်ပို့မှု
တဖြည်းဖြည်းများပြားလာခဲ့ပြီး
မြန်မာနိင်ငံ သည် လည်း
ကမ်ဘာ့စီးပွားရေးတွင်
အရေးပါလာခဲ့သည် ။
.
.
၁၉၃၉ - ခုနှစ် ဒုတိယကမ်ဘာစစ်
မဖြစ်မီအချိန်က မြန်မာနိင်ငံမှ
ကမ်ဘာတလွှားသို့
ဆန်စပါး တန်ချိန် ၃ - သန်းခန့်
တင်ပို့နိင်ခဲ့ပြီး ကမ်ဘာ့ ဆန်စပါး
အများဆုံး တင်ပို့ သည့် နိင်ငံဖြစ်ခဲ့သည် ။
.
.
.
အမျိုးသားရေးလှုပ်ရှားမှု
✴✴✴

ဗြိတိသျှတို့၏
စီးပွားရေးချဲ့ထွင်မှု နှင့် အတူ
လူမှုရေးမညီမျှမှုများဖြစ်လာခဲ့ပြီး
အုပ်ချုပ်ရေး ၊ စီးပွားရေးများကို
မကြေမနပ်ဖြစ်ကာ
အမျိုးသားရေး လှုပ်ရှားမှုများ
ပေါ် ပေါက်လာခဲ့သည် ။

ခေတ်သစ်အမျိုးသားရေးလှုပ်ရှားမှုများကို
ကျောင်းသားများဦးဆောင်သည့်
YMBA (Young Men’s Buddhist Association ) အသင်းမှ စတင်ခဲ့ သည်။
.
.
၁၉၃၀ မှ ၁၉၃၂ ခုနှစ်အတွင်း
ဆရာစံဦးဆောင်သည့်
လယ်သမားအရေးတော်ပုံများ
ပေါ် ပေါက် လာခဲ့သည် ။

ဆရာစံ တော်လှန်ရေးသည်
လူထုထောက်ခံမှု အများအပြားရရှိခဲ့သည့်
ကိုလိုနီခေတ် တော်လှန်ရေးဖြစ်သည် ။
.
.
.
လူငယ်များနိင်ငံရေးနိုးကြားလာပြီး
ကျောင်းသားခေါင်းဆောင်များ
ပေါ်ပေါက်လာခဲ့ သည် ။

သူတို့သည် မိမိကိုယ်ကိုမိမိ “သခင်”ဘွဲ့
ကိုခံယူကာ ဗြိတိသျှအစိုးရကို
ဆန့်ကျင်ခဲ့ကြသည် ။
.
.
သခင်အောင်ဆန်းခေါင်းဆောင်သည့်
အဖွဲ့သည် ဂျပန်များနှင့် ဆက်သွယ်ကာ
စစ်ပညာသင်ယူပြီး ဗမာ့လွတ်မြောက်ရေး
တပ်မတော် (BIA) တပ်ဖွဲ့ ကို
ထူထောင်ခဲ့သည် ။

ဒုတိယကမ်ဘာစစ်ဖြစ်ပွားချိန်
၁၉၄၂ - ခုနှစ် တွင် ဂျပန်များ
မြန်မာနိင်ငံ ကို ၀င်ရောက်တိုက်ခိုက်
ချိန် တွင် BIA တပ်သည်
ဂျပန်တပ် နှင့်အတူ ၀င်ရောက်လာခဲ့ပြီး
ဗြိတိသျှတို့နှင့် စစ်ပွဲတချို့ ဆင်နွဲခဲ့သည် ။
.
.
.
ဂျပန်ခေတ် အုပ်ချုပ်ရေး
✴✴✴

ဒုတိယ ကမ်ဘာစစ် အချိန်က
ဂျပန်တို့သည် ဗြိတိသျှ တို့ အား
မြန်မာ နိင်ငံမှ အန္ဒိယ အထိ
တိုက်ထုတ် နိင်ခဲ့ပြီး
ဂျပန်ခေတ် အုပ်ချုပ်ရေးစနစ်ကို
ဖေါ်ဆောင်ခဲ့ကြသည် ။

ဂျပန် တို့သည်
မြန်မာနိင်ငံအား လွတ်လပ်ရေး
ပေးအပ်သည်ဟု ကြေငြာခဲ့သော်လဲ ၊
ထိုလွတ်လပ်ရေးကို မြန်မာ့သမိုင်းတွင်
အတုအယောင်လွတ်လပ်ရေး
( ရွှေရည်စိမ်လွတ်လပ်ရေး ) ဟု ဆိုသည် ။
.
.
ဒုတိယကမ်ဘာစစ်ပြီးခါနီးအချိန်တွင်
ဂျပန်အင်အား လျော့နဲလာကျဆင်းလာခဲ့သည် ။

ထိုအခါ မြန်မာတို့သည်
( ဖဆပလ)အဖွဲ့ စည်းပြီး
ဂျပန်ကိုဆန့်ကျင်တော်လှန်ခဲ့ကြသည် ။
.
.
.
လွတ်လပ် သည့် နိင်ငံ
✴✴✴

ဒုတိယကမ်ဘာစစ် ပြီးဆုံးပြီးနောက်
ဗြိတိသျှတပ်များ ပြန်လည်၀င်ရောက်
လာချိန်တွင်
BIA တပ်မှုးဟောင်း ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့်“ ဖဆပလ”အဖွဲ့ သည်
ဗြိတိသျှတို့ နှင့် ညှိနှိုင်းဆွေးနွေးပြီး
မြန်မာနိင်ငံအား လွတ်လပ်ရေးပေးရန်
တောင်းဆိုခဲ့ကြသည် ။
.
.
ထိုအချိန်တွင် “ ရှမ်း ၊ ကရင်” စသည့်
တောင်တန်းဒေသအား ဗြိတိသျှ
လက်အောက်ခံ အဖြစ် ဆက်လက်
ထားရှိရန် ပြသနာပေါ် လာခဲ့သည် ။

ထိုပြသနာကိုဖြေရှင်းရန်
၁၉၄၇ -ခုနှစ်ဖေဖေါ် ဝါရီလ ၁၂ ရက်နေ့
တွင် တိုင်းရင်းသား ခေါင်းဆောင်များ သည် ရှမ်းပြည်နယ်ပင်လုံမြို့ တွင်
တွေ့ဆုံလက်မှတ်ရေးထိုးပြီး
လွတ်လပ်ရေး အတူတကွ ရယူရန်
သဘောတူခဲ့ ကြသည် ။

ထိုစာချုပ်ကို
ပင်လုံစာချုပ်ဟု ခေါ်သည် ။
.
.
၁၉၄၇ - ခုနှစ် ဧပြီလတွင်
ရွေးကောက်ပွဲကျင်းပရာ
ဖဆပလ မှ အနိင်ရရှိခဲ့သည် ။
.
.
၁၉၄၇ ဇူလိုင်လ ၁၉ -ရက်နေ့တွင်
အမျိုးသားခေါင်းဆောင်
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည် ။

ဗိုလ်ချုပ်အောင်ဆန်း
လုပ်ကြံခံရပြီးနောက်
ဦးနုနှင့် ဒေါက်တာဘမော်တို့ မှ
ဖဆပလ ကိုဦးဆောင်ခဲ့ သည် ။
.
.
နောက်ဆုံး
၁၉၄၈ - ခုနှစ်ဇွန်နဝါရီလ ၄ - ရက်နေ့တွင် ဗြိတိသျှတို့သည် မြန်မာ့နိင်ငံအား
လွတ်လပ်သည့် နိင်ငံ အဖြစ်
ကြေငြာပေးခဲ့သည် ။
.
.
.
ခေတ်သစ် မြန်မာနိင်ငံ
✴✴✴

မြန်မာနိင်ငံလွတ်လပ်ရေးရပြီးနောက်
ဖဆပလ ခေါင်းဆောင် ဦးနုမှ ၀န်ကြီးချုပ်
အဖြစ် ဦးဆောင်ကာ
နိင်ငံကို ၁၉၄၇ - ခုနှစ်ဖွဲ့စည်းပုံဖြင့်
အုပ်ချုပ်ခဲ့သည် ။
.
.
၁၉၅၀ - ခုနှစ် အချိန် တွင်
နိင်ငံ၏ အဓိကပြသနာအဖြစ်
ကွန်မြူနစ်ကျူးကျော်မှု နှင့်
တိုင်းရင်းသား လက်နက်ကိုင် ပုံကန်မှု
ဖြစ်သည် ။

ထိုအချိန်တွင် ရုရှားနှင့်အမေရိကန်တို့ ၏
စစ်အေးတိုက်ပွဲ ဖြစ်ပွားနေချိန်ဖြစ်ရာ
နှစ်နိင်ငံစလုံးမှသူတို့နှင့်
ပူးပေါင်းရန်ကိုယ်စီ ဖိတ်ခေါ် ခဲ့သည်။
.
.
သို့သော် ဦးနုအစိုးရသည်
ထိုဖိတ်ခေါ်မှုများကို ငြင်းပါယ်ကာ
အန္ဒိယ ၊ အင်ဒိုနီးရှားနိင်ငံများ
ပါ၀င်သည့် ဘက်မလိုက်နိင်ငံများအဖွဲ့
သို့၀င်ရောက်ကာ
ဘက်မလိုက်သည့် နိင်ငံခြားရေးပေါ် လစီ
ကိုကျင့်သုံး ခဲ့သည် ။
.
.
ဖဆပလအစိုးရသည်
ရွေးကော်ပွဲများတွင် ဆက်တိုက်
အနိင်ရရှိခဲ့ပြီး
တိုင်းပြည်အား ၁၉၄၇ ခုနှစ်ဖွဲ့ စည်းပုံ
အခြေခံဥပဒေ ဖြင့်အုပ်ချုပ်ခဲ့သည် ။
.
.
ထိုဖွဲ့စည်းပုံအခြေခံဥပဒေတွင်
တောင်တန်းဒေသများအနေဖြင့်
လွတ်လပ်ရေးရပြီးနောက်
၁၀ - နှစ် အကြာတွင်
ဒေသဆိုင်ရာ ဥပဒေများ
ခွဲခြားပြဌာန်းခွင့်ရှိသည်ဟုပါရှိသည် ။
.
.
၁၉၅၈ ခုနှစ်တွင်
တိုင်းရင်းသားပြသနာများ ၊
ဖဆပလအကွဲအပြဲများ ဖြစ်ပွားခဲ့ရာ
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ
ဗိုလ်ချုပ်နေ၀င်းမှ ၁၈ -လ
အာဏာလွှဲယူခဲ့သည် ။

၁၉၆၀ - ခုနှစ်တွင်
ဦးနုအား ပြန်လည် လွှဲအပ်ခဲ့သော်လဲ
ဘာသာရေးပြသနာ ၊ ပြည်နယ်ပြသနာ ၊
ခွဲထွက်ရေးပြသနာများ ဖြစ်ပွားပြီးနောက်
၁၉၆၂ - ခုနှစ် မတ်လတွင်
ဗိုလ်ချုပ်နေ၀င်းသည်
ဦးနုထံမှ နိင်ငံတော်အာဏာကို
သိမ်းယူခဲ့သည် ။
.
.
.
ဦးနေ၀င်းခေတ်
✴✴✴

၁၉၆၂ မှ ၁၉ရ၀ ခုနှစ်အတွင်း
ဦးနေ၀င်းခေါင်းဆောင်သည့်
အစိုးရသည် တိုင်းရင်းသားလူမျိုးများနှင့်
လိုက်လျော ညီထွေ ကျင့်သုံးသည့်
စနစ်ကို ကျင့်သုံးခဲ့သည် ။

ဦးနေ၀င်းသည်
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို
ထူထောင်ပြီး အုပ်ချုပ်ခဲ့သည် ။

၄င်းကို
မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဇင်
ဟုခေါ် သည် ။
.
.

နိင်ငံခြားဆက်ဆံမှု
အများအပြားကို ထိန်းချုပ်ခဲ့သည် ။

စီးပွားရေးကျဆင်းမှုနှင့်အတူ
မှောင်ခိုဈေးကွက်ပေါ် ပေါက်လာခဲ့သည် ။

တရုတ်-ဗမာအရေးအခင်း များ
ပေါ် ပေါက်ခဲ့သည် ။
.
.
ဦးနေ၀င်းသည် ၁၉၇၄ ခုနှစ်တွင်
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီး
တပါတီအာဏာရှင်စနစ်ကို
ကျင့်သုံးခဲ့သည် ။
.
.
တပါတီအုပ်ချုပ်မှုနှင့်အတူ
တိုင်းပြည်လဲ ဆင်းရဲကျပ်တည်းမှု
ကြုံတွေ့ ကာ “ ဖွံ့ ဖြိုးမှု အနိမ့် ဆုံးနိင်ငံ ”
အဖြစ် ကြေငြာခဲ့ရသည် ။

၁၉၈၇ ခုနှစ်တွင်
လက်ရှိသုံးစွဲနေသည့် ငွေကြေးများ
တရားမ၀င်ကြေငြာရာမှ
ကျောင်းသားအရေးအခင်းဖြစ်ပွားခဲ့သည် ။
.
.
၁၉၈၈ ခုနှစ်မတ်လနှင့် ဇွန်လများတွင်
ကျောင်းသားအရေးအခင်းများ ဖြစ်ပွားပြီး
ဦးနေ၀င်းသည် နိင်ငံရေး လောကမှ
အနားယူကြောင်း တရား၀င်
ကြေငြာခဲ့သည် ။
.
.
၁၉၈၈ - ခုနှစ် ဇူလိုင်လတွင်
ဦးနေ၀င်းအနားယူပြီးနောက်ပိုင်း
လူထုအုံကြွမှုများဖြစ်ပွားပြီး
လူထောင်ပေါင်း များစွာသေဆုံးခဲ့သည် ။

လူထုအုံကြွမှုသည် (၈.၈.၁၉၈၈ )နေ့တွင်
အမြင့်ဆုံးဖြစ်ခဲ့သဖြင့် မြန်မာ့သမိုင်းတွင်
၈- လေးလုံးလှုပ်ရှားမှုဟုအမည်တွင်သည် ။

ဆိုရှယ်ခေတ်၏ နောက်ဆုံးသမ္မတမှာ
ဒေါက်တာမောင်မောင် ဖြစ်သည် ။
.
.
၁၉၈၈-ခုနှစ် စက်တင်ဘာလ ၁၈-ရက်နေ့
တွင် ကာကွယ်ရေး၀န်ကြီး
ဗိုလ်ချုပ်ကြီး စောမောင်မှ
တိုင်းပြည်အာဏာရယူပြီး
State Law and Order Restoration Council (SLORC) ကိုဖွဲ့ စည်းကာ
တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနှင့်
အုပ်ချုပ်ခဲ့သည် ။

Post a Comment

Previous Next

نموذج الاتصال