MCCB ဆိုတာဘာလဲ..
Molded Case Circuit Breakers မှာ
ပါဝင်တဲ့အစိတ်အပိုင်းတွေ နဲ့ အသုံးချနည်းတွေကို လေ့လာကြရအောင်၊
Molded case circuit breakers တွေမှာ
-current-carrying parts
(fixed and moving contacts)
-mechanisms
(on/off လုပ်ရန်အတွက် ရွေ့လျားစံနစ်)
-trip devices
(short circuit နဲ့ ovrerload trip)
တို့ပါဝင်ပြီး အဲဒါတွေအားလုံးကို လျှပ်ကာ
ပစ္စည်းအခွံတစ်ခု(molded case)ထဲမှာ
စုပေါင်းတပ်ဆင်ထားတာပါ။
MCCBs မှာအမျိုးမျိုးသော frame
sizes တွေရှိပါတယ်။ frane size တစ်ခု
စီမှာလည်း အမျိုးမျိုးသော interrupting
ratings တွေရှိကြပါတယ်။
ဥပမာ.၁.
100A/100 MCCB မှာ
100A က current interrupting rating
နောက်က 100 က frame size
ဥပမာ.၂.
50A/100 MCCB ဆိုရင်.
50A က current rating ဖြစ်ပြီး
100 က frame size ပါ။
Molded Case Circuit Breakers တွေဟာ low voltage distribution systems(440V,380V,220V) တွေကို protection(အကာအကွယ်ပေးဖို့) တီထွင်ထားတာပါ။ mccb တွေဟာ သူတို့
ကိုဆက်သွယ်လာတဲ့ ကိရိယာ( ဥပမာ..
လျှပ်စစ်မော်တာ) တွေကို overloads နဲ့
short circuits နှစ်ခုစလုံးက ကာကွယ်ပေးပါတယ်။
Mccb တွေကို panelboards နဲ့ switchboards တွေမှာ fixed mounted
လုပ်ပြီးတပ်ဆင်ကြပါတယ်။
တစ်ချို့ ကြီးမားတဲ့ MCCB တွေကိုတော့
drawout mount(panel ရှေ့ကိုဆွဲထုတ်
နိုင်အောင် တည်ဆောက်ကြပါတယ်။)
သင်္ဘောပေါ်မှာသုံးတဲ့ MCCB #အများစုဟာ အောက်ခံ sokect ပါဝင်တဲ့ plug-in type အမျိုးအစားတွေပါ။
တစ်ချို့ MCCBs တွေကိုတော့ motor
protection အတွက် သီးခြား overload
protection device နဲ့ တွဲစပ်အသုံးပြ ုနိုင်ဖို့ အထူးလုပ်ဆောင်ချက်တွေနဲ့တည်ဆောက်ထားလေ့ရှိပါတယ်။ ဒီလိုမျိုး အသုံးပြုတဲ့ အခါမျိုးမှာ အဲဒီ mccb တွေကို
motor circuit protectors (MCPs) တွေ
လို့ ရံဖန်ရံခါ ခေါ်ဆိုတတ်ပါတယ်။
.....,,,,,,,,,,,,,,,,,,,,,,,,,,,,,,,................
Molded Case Circuit Breaker ရဲ့ Components( အစိတ်အပိုင်းများ)
အဓိကအစိတ်အပိုင်းတွေကတော့...
1, Molded case/frame,
2, operating mechanism,
3, arc extinguishers,
4,contacts နဲ့ trip units တွေပါ။
1, Frame ကို molded case လို့လဲခေါ်ပါတယ်။ breaker ရဲ့ components တွေအားလုံးကို လုံခြုံအောင်ထည့်မဲ့ လျှပ်ကာ အခွံတစ်ခု ဖြစ်ပါတယ်။
glass-polyester material ဒါမှမဟုတ် thermoset composite resin နဲ့ ပြုလုပ်ထားပါတယ်။ ဒီပစ္စည်းတွေဟာ
တောင့်တင်းမှုနဲ့ လျှပ်ကာမှု(dielectric strength) အထူးကောင်းမွန်ကြပါတယ်။
2, Operating Mechanism:
contacts တွေရဲ့ opening and
closing ကိုပြုလုပ်ပေးပါတယ်။
Contacts တွေ open or close
လုပ်တဲ့အမြန်နှူံးဟာ handle ဘယ်
လောက်မြန်အာင်ေရွေ့နိုင်သလဲဆိုတဲ့
အချက်နဲ့မသက်ဆိုင်ပါဘူး။ ဒီဟာကို
"quick-make, quick-break" လို့ခေါ်
ပါတယ်။ 'on position' မှာထိန်းချုပ်
(hlod)ထားတဲ့ breaker ကို trip
မဖြစ်အောင် ဘယ်အရာကမှ
မတားဆီး နိုင်ပါဘူး။ ဒီဖြစ်စဉ်ကို
"trip-free" ဖြစ်တယ်လို့ခေါ်ဆိုပါတယ်။
Contacts တွေရဲ့ အနေအထားကို ဖော်
ပြတဲ့ handle ရဲ့ position 3 မျိုး
ရှိပါတယ်။
- closed,
-open,or
-tripped positions တွေပါ။
ဥပမာအားဖြင့် breaker ဟာ tripped
ဖြစ်သွားရင် handle ဟာ midway
posiition မှာရှိနေပါမယ်။ ဒီလိုဖြစ်နေတဲ့
Breaker ကို အရင်ဆုံး center-tripped
position ကနေ off position ကိုရွှေ့ပြီး
မှ on position ကိုပြန်တင်ရပါမယ်။
breakers တွေကို အုပ်စုလိုက်
panelboard မှာတပ်ထားတဲ့အခါမျိးမှာ
fault ဖြစ်နေတဲ့ breaker ရဲ့ handle
ဟာ တစ်မူထူးနေတာကို ကွဲပြားစွာ တွေ့
မြင်နိုင်မှာပါ။
တစ်ချို့ breaker တွေမှာ push-to-trip
mechanism ပါဝင်ပြီးတော့ test လုပ်လို့
နဲ့ trip လုပ်လို့ ရပါတယ်။
3, Arc Extinguisher(arc chute)
Breaker တစ်လုံးမှာဖြတ်စီးနေတဲ့
current ကို ဖြတ်တောက်လိုက်ရင်
arc(မီးပွား) တစ်ခု ဖြစ်ပေါ်လာတတ်ပါ
တယ်။ Arc Extinguisher ရဲ့အလုပ်က
Arc ကို မပြန့်အောင်ထိမ်းတယ်၊ ပြီးမှ
Arc ကို ခွဲခြမ်းတဲ့နည်းနဲ့ ငြိမ်းသတ်လိုက်
တယ်။
Arc extinguishers ဆိုတာ
အထပ်လိုက်စီထားတဲ့ steel plates
တွေကို two insulator plates နဲ့ တွဲစပ်
ထားတဲ့ အစီအမံဖြစ်ပါတယ်။
contact တွေပွင့်သွားလို့ current
ပြတ်တောက်သွားတဲ့အခါ
contact ပတ်လည်မှာရှိနေတဲ့
လျှပ်စစ်ဂုဏ်သတ္တိဆောင် အက်တမ်ငွေ့
(ionized) တွေမှာဖြတ်စီးနေတဲ့ current
က arc နဲ့ arc extinguisher တစ်ဝိုက်
မှာ လျှပ်စစ်စက်ကွင်းကိုဖြစ်ပေါ်စေပါ
တယ်။ ဒီလျှပ်စစ်သံလိုက်လမ်းကြောင်း
တွေက arc ကို steel plates
တွေဆီ တွန်းပို့ပေးပါတယ်။ ဒီအခါမှာ
ဓာတ်ငွေ့ဟာ ဓာတ်ပြိုကွဲပြီးတော့
Arc လည်း steel plates တွေကြားမှာ
အေးပြီးတော့ပျောက်ကွယ်သွားပါတယ်။
4, Trip Unit:
ဒါကတော့ circuit breaker ရဲ့
ဦးနှောက်ပါ။ သူ့အလုပ်က short circuit
ဒါမှမဟုတ် အချိန်ကြာနေတဲ့ overload
အခြေအနေမှာ operating mechanism
ကို trip. လုပ်ဖို့ပါ။
ရိုးရိုး molded casecircuit breakers
တွေမှာ electromechanical trip units
တွေကို အသုံးပြုထားပါတယ်။
အပူချိန်အာရုံခံကိရိယာ(temperature
-sensitive device) က overload
ကိုအာရုံခံပြီး၊ လျှပ်စီးအာရုံခံကိရိယာ
(current sensitive electromagnetic
device) က short circuit current
ကိုအာရုံခံပါတယ်။ overload ဒါမှမဟုတ်
short circuit ဖြစ်လာရင် trip
mechanism က breaker ကို trip
လုပ်ပါတယ်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
Tripping Characteristics
Electromechanical trip circuit
breakers တွေမှာ short-circuit
protection အတွက် adjustable
magnetic elements တွေပါဝင်ပြီးတော့
overload protection အတွက်
thermal trip elements တွေပါပါတယ်။
Magnetic elements နဲ့ thermal
elements တွေကိုပေါင်းစပ်ထားတဲ့
Breakers တွေကို ရံဖန်ရံခါ
thermal magnetic breakers တွေလို့
ခေါ်ဆိုပါတယ်။
သမားရိုးကျ thermal magnetic trip
units တွေသုံးထားတဲ့ mccb တွေရဲ့နေ
ရာမှာ electronic trip units တွေသုံး
ထားတဲ့ mccb တွေကို တိုးပြီးတော့
ထုတ်လုပ်လာနေပါတယ်။ ဒီ electronic
trip units တွေဟာ ပိုပြီးတိကျတယ်၊
breaker ကိုလည်း trip ဖြစ်ပြီးနောက်
ကြိမ်ဖန်များစွာ အသုံးပြုနိုင်တယ်။
ယျေဘုယအားဖြင့် electronic trip
systems တွေကို အစိတ်အပိုင်း ၃ ခု
နဲ့ တည်ဆောက်ထားပါတယ်။
1, current transformer (sensor)..
current ကိုစောင့်ကြည့်ဖို့ phase တစ်ခု
စီမှာတပ်ဆင်ထားတယ်။ current ကို
printed circuit board ကို ပေးသွင်းဖို့
သင့်တော်တဲ့ ပမာဏရအောင်လျှော့ချ
ပေးတယ်။
2, Electronic circuitry (printed
circuit board)..
ဒီ pcb က ဝင်လာတဲ့ input တွေကို
မူလက သတ်မှတ်ထားတဲ့
((predetermined values (set
values လို့လဲခေါ်ပါတယ်)) နဲ့ချိန်ထိုး
တွက်ချက်ပြီးတော့ 'decision' တစ်ခု
ထုတ်ပေးပါတယ်။ ဒီ decision က
နောက်(no.3) အစိတ်အပိုင်းဆီကို trip
လုပ်မဲ့ output signal ထုတ်ပေးပါတယ်။
3, low power flux-transfer internal
shunt trip...
Breaker ကို trip လုပ်တဲ့ အစိတ်အပိုင်း
ပါ။ mechanical spring နဲ့
permanent magnet တို့ပါဝင်ပါတယ်။
Pcb ကလာတဲ့ tripping signal ဟာ
permanent magnet ကို အခိုက်အတန့်
မျှ ခြေဖျက်လိုက်လို့ mechanical
tripping action ဖြစ်ပေါ်လာတာပါ။
ဒီပစ္စည်းဟာ power စားနည်းလွန်း လို့
သီးခြား power supply မလိုအပ်ပါ။
,,,,,,,,,,,,,,,,,,,,,.......................
interrupt rating ဆိုတာ...
molded case circuit breaker
တစ်လုံးက ကိုယ့်ကို မပျက်စီးစေဘဲ
ဖြတ်တောက်နိုင်တဲ့ fault current
ပမာဏကို ခေါ်တာပါ။
interrupt rating ဟာ fault current
ပမာဏထက် ကြီးရမယ်၊ ဒါမှမဟုတ်
တူညီရပါမယ်။ voltage များလာတာနဲ့
အမျှ interrupt rating နဲလာပါတယ်။
interrupt rating ဟာ breaker
ရွေးချယ်ရာမှာ အဓိကကျတဲ့ အချက်တစ်
ခုပါ။
,,,,,,,,,,,,,,
MCCB တပ်ဆင်ခြင်း..
သာမန်အားဖြင့် mccb တွေကို ဘယ်လို
position မှာမဆို တပ်နိုင်ပါတယ်။
up, down, horizontal or vertical
ဘယ်လိုဘဲ တပ် တပ် breaker ရဲ့
tripping interruptingcharacteristics
ကိုမထိခိုက်ပါဘူး။
ဒါပေမဲ့ ON position ကို ဒေါင်လိုက်
အနေအထားကလွဲလို့ တပ်ရင်တော့
National Electric Code နဲ့မကိုက်ညီ
ပါဘူး။
,,,,,,,,,,,,,,,,,
Enclosure အမျိုးအစားများ
NEMA Type 1:
IP40 standards ဖြစ်ပါတယ်၊
indoor applications တွေပါ။
NEMA Type 3R:
IP52 standards ပါ။
outdoor use အတွက်ဖြစ်ပါတယ်။
NEMA Type 4:
IP65 standards ပါ။
indoor or outdoor နှစ်မျိုးသုံးပါ။
splashing water, wind-blown dust
or rain တွေက ကာကွယ်ပေးပါတယ်။
watertight enclosures လို့လဲ
ခေါ်ပါတယ်။
NEMA Type 4X:
IP65 standards ပါ။ Type 4 နဲ့တူပါ
တယ်၊ type 4 ထက် သံချေးဒဏ်ခံနိုင်
ပါတယ်။
corrosion-proof enclosures လို့လဲ
ခေါ်ပါတယ်။
NEMA Type 12:
IP62 indoor use ပါ။
dirty and dust နေရာမျိုးမှာသုံးပါတယ်
dust-tight enclosures လို့ခေါ်ပါတယ်။
,,,,,,,,,
Molded Case Circuit Breakers
and Motors
motor မှာဖြစ်တဲ့ faults အများစုဟာ
motor windings ရဲ့insulation
breakdown ကြောင့်ပါ။ ဖြစ်ခါစ fault
current ကသိပ်မကြီးပါဘူး။ ဒါပေမဲ့
ဆင့်ကဲဖြစ်ပေါ်လာတဲ့ arcing ကြောင့်
နောက်ထပ် motor windings တွေကို
short ဖြစ်စေပါတယ်။ ဒီ fault ကို
ဆက်လက် ဖြစ်ခွင့်ပြုထားရင် motor
နဲ့ starter မှာပျက်စီးမှု ကြီးမားပါလိမ္မယ်။
fusible switches နဲ့ thermal
magnetic breakers တွေက motor ကို
protection ပေးနိုင်ပေမဲ့ protection
level က ဒီလို fault မျိုးအတွက်
ထိရောက်မှု မရှိလှပါ။
ဒါကြောင့် motor circuit protector
တွေကိုတီထွင်လာကြတယ်။
(MCP) ဟာ magnetic only principle
နဲ့ အလုပ်လုပ်တယ်။
အထူးပြုလုပ်ထားတဲ့ current sensing
coil ကို breaker ရဲ့ three poles မှာ
တပ်ထားတယ်။ motor မှာဖြစ်တဲ့ fault
ကို စောသိပြီး low level protection
ပေးတယ်။ fusible device ထက်ပိုပြီး
fault ကို clear လုပ်နိုင်တယ်။ ဒါပေမဲ့
motor ကို overload protection မပေး
နိုင်ဘူး။ ဒါကြောင့် contactor နဲ့
overload relay သို့မဟုတ် motor
starter ကို motor circuit protector
MCP နဲ့တွဲသုံးလာရပါတယ်။