ဓာတ်ဆီကားများ ဆီပန့် & အင်ဂျက်တာ စစ်ဆေးအဖြေရှာကြမယ်
EFI ကားတွေမှာ fuel pump ကို fuel tank ထဲမှာ auto ထားပေးပြီး အဲ့ဒီ pump ကနေ တဆင့် filter ဗူးတွေကိုဖြတ်ပြီး injector ကို ဆီပေးနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် fuel pump ကနေ လုံလောက်တဲ့ fuel pressure ကို မပေးနိုင်ခဲ့ရင် effciency ကောင်းမှာ မဟုတ်ပါဘူး။ TCCS မှာ in-tank type နဲ့ in-line type ဟူ၍ အသုံးများဆုံး pump နှစ်မျိုးရှိပါတယ်။ off-road ကားတွေဟာ လမ်းချော လမ်းကြမ်း ၂ မျိုးသုံးဖြစ်တဲ့အတွက် engine torque က ပိုပြီးကောင်းတတ်ပါတယ်။ ex : 1nz - 82 lb.ft to 104 lb.ft , 1kz -212lb.ft to 253lb.ft ဥပမာအားဖြင့် Toyota surf , prado Mitsubishi pajero , Isuzu bighorn , Ford Everest စတဲ့ ကားတွေမှာ GDI pump လို့ခေါ်တဲ့ hight pressure pump ပါတတ်ပြီး Hilux စတဲ့ diesel ဆိုရင် common rail စနစ်ပါဝင်ပါတယ်။ engine torque ကို များများလိုချင်တဲ့အတွက် ပုံမှန် fuel pump pressure ထက်ပိုတဲ့ high pressure ကို injector တွေဆီပို့ဆောင်ပေးမှာပဲဖြစ်ပါတယ်။ GDI fuel pressure က 6.9MPa လောက်ထိရှိပြီး common rail pressure ဆိုရင်တော့ 100bar လောက်ကနေ အများဆုံး 1600bar လောက်ထိရှိမှာဖြစ်ပါတယ်။

• Delivery - 120L/h ( 1L in 30 s ) at 3 bar …
• Resistance - 0.8Mohm ( Static )
• Voltage - 12V
• Current - 10.5A
Fuel pump မကောင်းရင်
# စက်မနိုးခြင်း
# မကြာခဏ စက်သေခြင်း
# အရုန်းအဆွဲကျဆင်းခြင်း
# Fuel tank ထဲမှာ အသံဆူခြင်း စတာတွေဖြစ်နိုင်ပါတယ်။ Efi ကားတွေအတွက် fuel filter မကောင်းရင် injectors တွေဂျီးပိတ်ပြီး performance ကောင်းမှာမဟုတ်ပါဘူး။ P213F , P0629 စတဲ့ codes တွေက pump ပိုင်းနဲ့ဆိုင်တဲ့ codes တွေဖြစ်ပါတယ်။ GDI pump တွေက efi pump တွေထက် 10 ဆမက ဖိအားရှိပါတယ်။ ဆိုင်ကယ်တွေမှာ overall service လုပ်ပြီးသွားရင် fuel pump ကို reset ပြန်ချပေးရပါတယ်။ သို့မဟုတ်ရင်စက်သံကြမ်းနေခြင်း အရုန်းဆွဲကျတာတွေဖြစ်တတ်ပါတယ်။ ကားတွေမှာ pump 30psi to 80psi ကြားရှိရင်ကိုပဲ pump ကောင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တချို့ကားတွေမှာ 45psi to 66psiလောက်ရှိပါတယ်။ efi ဆိုင်ကယ်တွေမှာ 9psi to 18psi ကြားရှိရင် pump အလုပ်လုပ်တယ်လို့ယေဘုယျသတ်မှတ်နိုင်ပါတယ်။ Mira ၊ Hijet စတဲ့ 660cc ကားလေးတွေမှာ 25psi - 30psi ကြားရှိနေရင် fuel pump ကောင်းပါတယ်။
Injector testing
EFI ကားတွေမှာ injector ရဲ့လုပ်ဆောင်မှုက အထူးအရေးပါတဲ့ ကဏ္ဍတစ်ရပ်အနေနဲ့ရှိပါတယ်။ pump ကနေ ပေးပို့လိုက်တဲ့ ဆီကို combustion chamber ထဲမှာ ဖြန်းပေးပြီး မီးလောင်ပေါက်ကွဲကာ power တစ်ကြိမ်ရတာကိုပဲ 4stroke cycle တနည်းအားဖြင့် 720° crank angle လို့ခေါ်ဆိုတာပဲဖြစ်ပါတယ်။ injector ကနေ သတ်မှတ်ထားတဲ့ ဆီပမာဏကို ဖြန်းပေးရုံပါပဲ။ ဒီနေရာမှာ common rail နဲ့ efi ကွာတဲ့ တချက်က 720° လည်တိုင်း injector က တစ်ကြိမ်ပဲဆီဖြန်းပေးတယ်ဆိုတာပါ။ အဲ့ဒီအတွက် ဖြန်းပေးရမဲ့ fuel amount ကို ECU ကနေ IAT sensor , MAF sensor , Coolant sensor စတာတွေဆီကနေ data ယူပြီး သင့်တော်တဲ့ ဆီဖြန်းပမာဏကို တွက်ချက် သတ်မှတ်ပေးပါတယ်။ Throttle valve ကနေ လေဖွင့်ပေးပြီး သင့်တော်တဲ့ air fuel ratio ကို inlet port ထဲကို ဖြန်းပေးပြီး engine combustion ဖြစ်ပါတယ်။ common rail မှာတော့ လေသီးသန့် ဆီသီးသန့်ကို chamber ထဲမှာ သီးသန့်ရောတဲ့အတွက် power stroke က ပိုပြီး effciency ပိုကောင်းပါတယ်။ Efi injector တွေက nozzle လိုပဲ သေးငယ်တဲ့ အပေါက်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အတွက် ဆီသန့်ကို ပိုနှစ်သက်ပါတယ် ။ Injector တွေက အချိန်ကြာရင် despoite ဖြစ်နိုင်တဲ့ အတွက် injector cleaning လုပ်ပေးသင့်ပါတယ်။ injector cleaning ဆိုတာကလဲ fuel tank ထဲကို fuel cleaner ၂ ဗူးလောက်ထည့်သုံးရင် injector တွေ ဆေးကြောပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်။ 10L ကို 1ဗူးနှုန်းသုံးရမှာဖြစ်ပြီး fuel tank ထဲမှာပဲ ဆီနဲ့ရောပြီး injector တွေကို ဆေးကြောပေးမှာဖြစ်ပါတယ်။

• Supply voltage - 12V
• Resistance - 16Ohm , 13.8Ohm (Toyota )
• Static output - 150cc/min at 3bar
Injector တွေမှာ error ရှိပါတယ်။
OBD1 အတွက် jumper test , scope pattern , resistance test , fault code စတဲ့ စစ်ဆေးနည်းများဖြင့် injector ကို စမ်းသပ်စစ်ဆေးနိင်ပါတယ်။ အကောင်းဆုံးက scope နဲ့ စစ်ဆေးတာပဲဖြစ်ပါတယ်။ အချိန်နဲ့အမျှပြောင်းလဲနေတဲ့ voltage ကို သိနိုင်တဲ့အတွက် injector ကောင်းမကောင်း သေသေချာချာသိနိုင်ပါတယ်။ P0203,P0204 စတဲ့ codes တွေက injector circuit malfunction တွေဖြစ်ပါတယ်။ အကယ်၍ spray pattern မမှန်ရင်တော့ injector မှာ error ဖြစ်နေပြီပဲဖြစ်ပါတယ်။